23
Aug
"မန္တလေးမှ IELTS နဲ့ International Scholarships အိပ်မက်များဆီသို့" ပညာရေးဆွေးနွေးပွဲ
Milestone of Excellence Language Academy နှင့် Bright Institute တို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ လူငယ်များအတွက် ရည်ရွယ်ကျင်းပသော "မန္တလေးမှ IELTS နဲ့ International Scholarships အိပ်မက်များဆီသို့" ပညာရေးဆွေးနွေးပွဲ (Free Seminar) ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် Ease Hotel Mandalay ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤပွဲသည် မူလခန့်မှန်းထားသည့် လူဦးရေ (၁၆၀) ထက် များပြားကာ တက်ရောက်သူ (၂၅၀) ကျော်အထိ စည်ကားသိုက်မြိုက်ခဲ့သဖြင့် ထပ်တိုးထိုင်ခုံများ စီစဉ်ပေးခဲ့ရသည်အထိ အားပေးမှုရရှိခဲ့သော မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Milestone of Excellence Founder Teacher Moe နှင့် Bright Institute Founder ဆရာဦးချမ်းအေး တို့မှ အဓိက Speaker များအဖြစ် ပါဝင်ခဲ့ကြပါသည်။ နိုင်ငံတကာပညာသင်ဆု (Scholarship) လျှောက်ထားရာတွင် သိရှိထားသင့်သည့် အဆင့်ဆင့်လုပ်ဆောင်ရမည့်အချက်များ၊ Personal Statement ရေးသားနည်းစနစ်များ၊ Application Process တွင် ဆောင်ရန်/ရှောင်ရန်များနှင့် Scholarship ခရီးလမ်းတွင် IELTS ၏ အရေးပါပုံများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကျောင်းသား/သူများအတွက် အထူးအစီအစဉ်အဖြစ် Booth Session များပါ ထည့်သွင်းကျင်းပခဲ့ပါသည်။ Milestone of Excellence ၏ ကျွမ်းကျင်ဆရာ/ဆရာမများ ကိုယ်တိုင်ဦးစီး၍ Mini Reading & Speaking Tests စစ်ဆေးပေးခြင်း၊ ရလာဒ်အပေါ်မူတည်၍ General English မှ IELTS အထိ သင့်တော်မည့် လမ်းကြောင်းများကို Free Consultation ပြုလုပ်ပေးခြင်းနှင့် IELTS Exam Registration ဝန်ဆောင်မှုများကိုပါ တစ်နေရာတည်းတွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မန္တလေးမြို့မှ လူငယ်များ၏ နိုင်ငံခြားပညာရေးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လမ်းဖွင့်ပေးနိုင်ခဲ့သော အမှတ်တရ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4