News Image

01

Apr
01-Apr-2024
IELTS

Earthquake Relief Fundraising & Donation Campaign

Milestone of Excellence Language Academy မှ မြန်မာနိုင်ငံအတွင်း ကြုံတွေ့ခဲ့ရသော ငလျင်ဘေးအန္တရာယ်အတွက် “ငလျင်ဘေးအလှူ အတူဝိုင်းကူ” အစီအစဉ်ကိုပြုလုပ်ကာ ဧပြီလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ (၅) ရက်တာ အလှူငွေ ကောက်ခံခဲ့ပါသည်။ ၁။ ရန်ပုံငွေ ရရှိမှုစာရင်း (Financial Transparency) ဤအစီအစဉ်တွင် Milestone of Excellence (Teacher Moe) မှ မတည်ငွေ ကျပ်သိန်း (၁၅၀) ထည့်ဝင်ခဲ့ပြီး၊ ကျောင်းသား/သူများ၊ မိဘများနှင့် ပြည်သူများ၏ တခဲနက် ပါဝင်လှူဒါန်းမှုကြောင့် (၅) ရက်အတွင်း စုစုပေါင်း အလှူငွေ ကျပ် (၅၉၃) သိန်းကျော် (59,339,650 MMK) ကို ကောက်ခံရရှိခဲ့ပါသည်။ MOE မတည်ငွေ: 15,000,000 ကျပ် အများပြည်သူ လှူဒါန်းငွေ: 44,339,650 ကျပ် စုစုပေါင်း ရန်ပုံငွေ: 59,339,650 ကျပ် ၂။ လှူဒါန်းမှု မှတ်တမ်း (Distribution & Rehabilitation Activities) ရရှိလာသော အလှူငွေများကို အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအဖြစ် အောက်ပါအတိုင်း ဒေသအသီးသီးသို့ ခွဲဝေလှူဒါန်းခဲ့ပါသည် - ပထမအကြိမ် (စစ်ကိုင်းဒေသ): တန်ဖိုးငွေ (၇၀) သိန်းကျော် ရှိသော အစားအသောက်၊ ရေ၊ ဆေးဝါး၊ ခြင်ဆေးခွေ၊ ခေါက်ဆွဲခြောက်နှင့် မီးလုံးများကို ပို့ဆောင်လှူဒါန်းခဲ့ပါသည်။ ဒုတိယအကြိမ် (ပျဉ်းမနားဒေသ): MOE Team ကိုယ်တိုင် သွားရောက်၍ တန်ဖိုးငွေ (၇၀) သိန်းကျော် ရှိသော အစားအသောက်၊ ရေ၊ ခြင်ထောင်၊ ဆေးဝါးနှင့် Solar မီးလုံးများကို လှူဒါန်းခဲ့ပါသည်။ တတိယအကြိမ် (အင်းလေးဒေသ): ရွာတစ်ရွာရှိ အိမ်ခြေ (၁၄၀) အတွက် တစ်အိမ်ထောင်လျှင် (၅) သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း သိန်း (၇၀) ကို MOE Team အဖွဲ့ဝင်များမှ ကိုယ်တိုင်သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ရေသန့်စက်စီမံကိန်း (စစ်ကိုင်းမြို့): မြို့ပေါ်တွင် သောက်သုံးရေ လုံလောက်စွာရရှိစေရန် သိန်း (၅၀) တန်ဖိုးရှိ ရေသန့်စက် တည်ဆောက်လှူဒါန်းခဲ့ပါသည်။ စတုတ္ထအကြိမ် (အင်းလေးဒေသ - မိုင်းသောက်အင်းရွာ): ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် (Rehabilitation) အနေဖြင့် နေအိမ်ပျက်စီးသွားသော အိမ်ထောင်စု (၃) စုအတွက် အိမ်ပြန်လည်တည်ဆောက်ရန် တစ်အိမ်ထောင်လျှင် ကျပ်သိန်း (၅၀) နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၁၅၀) ကို လှူဒါန်းပေးခဲ့ပါသည်။ အရေးပေါ် ကယ်ဆယ်ရေးမှသည် ရေရှည်ပြန်လည်ထူထောင်ရေး (အိမ်ပြန်လည်တည်ဆောက်ခြင်း) အထိ ထိရောက်စွာ ပါဝင်ကုသိုလ်ယူခဲ့ကြသော ကျောင်းသား/သူများ၊ မိဘပြည်သူများနှင့် စေတနာရှင်များ အားလုံးကို Milestone of Excellence မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ +4